Saturday, June 12, 2010

ချိုက်မင်ဂျွင်းနဲ့ ပြန်တွေ့ခြင်း

ခြင်ကိုထောင်ဖို့ ကြိုးစားရင်းက
လူဟာ ကိုယ့်ကိုယ်ကို ထောင်မိရက်သားဖြစ်စဉ်မှာလို
ကမ္ဘာကြီးရဲ့ အရန်ခုံတစ်နေရာက
အသက်ပါပါနဲ့ လှမ်းကြည့်လိုက်တဲ့အခါ
ဘုံမြေဇာပင်ကလေး ဖြစ်ရှာနေရသူ
ကဗျာဟာ
မော်ဖင်းတွေ ထိုးခံထားရပြီး
အသက်ရော ဒြပ်ပါ မဲ့ခါနီးဆဲဆဲ
လက်ပူးလက်ကြပ် (မိ)
လက်ဆုပ်လက်ကိုင် ပြရန် (မရှိ)
ဖြစ်သမျှဆိုတဲ့ ခေါင်းစီးအောက်
ရေလဲလို ရရာအဓိပ္ပါယ်မဲ့တစ်ခုခုကို ဆွဲကိုင်
(အစွဲတွေနဲ့ ကိုင်)
ကမ္ဘာဟာ ကိုယ့်အာဟာရ ကိုယ်မှီဝဲ
ဖြည့်တင်းနေစဉ်အတွင်းမှာပဲ
ကျွန်တော်တို့ဟာ ဝမ်းနည်း ဝမ်းသာ ဖြစ်ရ
အမြဲတမ်းလိုလို
သူ့အသင်းမှာဆို လူမစုံ
ဒါကြောင့်မို့လည်း
ကဗျာဖြစ်ရန် တစ်ကြောင်းလို။
ခန့်နေ.

No comments:

Free counter and web stats