Saturday, January 23, 2010

ကိုယ့်နေ့တွေ (၂)

အရေမရ၊ မဖတ်မရတွေထဲကပဲ
ငါဟာ အရေတွေ အဖတ်တွေကို ရှာနေခဲ့..
ပွဲတော်တွေရောက်တိုင်းမှာ
ရင်တွေဟာ ခုန်ဖို့၊ အသံတွေတုန်ဖို့ ဝန်လေးနေသူ
ဒီလိုနဲ့ ငါ့အိမ်လေးကို တံခါးပိတ်လို့
ငါတစ်ယောက်ထဲထွက်လာခဲ့တယ်
ငါရဲ့ ကျောင်းတော်လေးလည်း..
ငါ မတက်ဖြစ်တဲ့နေ့မှာပဲ
ဖွင့်တယ်...

ခန့်နေ

No comments:

Free counter and web stats