Friday, November 30, 2007

07 Poem Revolution

တွေးမိတွေးရာလေးတွေပါ။

ကဗျာဆရာတဲ့။ ကဗျာရေးတဲ့ သူကို အများစု ခေါ်ကြတဲ့အခေါ်ဝေါ်။ တစ်ချို့လည်း အထင်ကြီးကြသလို၊ တစ်ချို့ ကြတော့ ကိုယ့်အလုပ်နဲ့ ကိုယ်မို့ ဂရုမစိုက်နိုင်ကြဘူး။
အင်း.. ဒါတွေထားပါ.. ပြောချင်တာက..
ကဗျာဆရာထက် စကားလုံးမုဆိုးလို့ ပြောင်းခေါ်ကြည့်ရင် အဆင်ပြေမလားလို့ ကျွန်တော်တွေးမိပုံက..

ကဗျာဆိုတာ စကားလုံးတွေကို ပုံစံခွက်ထဲ ထည့်ပြီး ပြထားတဲ့ စာပိုဒ်တွေပေါ့ဗျာ။ လူမှာ ရုပ်ကို နာမ်ကဆောင်သလို ကဗျာမှာ စကားလုံးတွေကို ကဗျာရဲ့ flow ကဆောင်သပေါ့။ တနည်းအားဖြင့် rhythms လို့ခေါ်ရင်လည်း အဆင်ပြေမယ်ထင်ရဲ့။ အဲဒီ ကဗျာဆရာဆိုတဲ့လူဆီမှာ ကဗျာရဲ့ flow တွေရှိသတဲ့။ တနည်းအားဖြင့် စကားလုံးတွေအတွက်တော့ လှောင်အိမ်တွေပေါ့ဗျာ။ အဲဒီ ကဗျာဆရာဟာ ကဗျာဖြစ်ဖို့ အတွက် စကားလုံးတွေကို သူရဲ့ flow တွေထဲကို လိုက်ထည့်တယ်ပေါ့ဗျာ.. စကားလုံးတွေကလည်း သူတို့ အကျဉ်းချခံရမှာ မလိုလားတဲ့အတွက် ကဗျာဆရာ လိုက်ဖမ်းတာကို ရှောင်တယ်ပေါ့။ ဒီလိုနဲ့ ကဗျာဆရာက လိုက်ဖမ်းလိုက်၊ စကားလုံးတွေက ပြေးလိုက်နဲ့၊ မိလိုက်တဲ့ အလှည့်ရှိသလို၊ လွတ်သွားတဲ့ အလှည့်တွေလည်းရှိသတဲ့..။ အင်း... ဒီနေရာမှာ တစ်ချို့ ကဗျာဆရာတွေက လိုချင်တဲ့ စကားလုံးကို မရမချင်းလိုက်ဖမ်းကြသလို၊ တစ်ချို့ ကြလည်း ယုန်မရ ကြောင်ဖမ်းပြီး ပြန်ကြသတဲ့။ တစ်ချို့ကျပြန်တော့လည်း အသုံးမလိုတဲ့ စကားလုံးတွေကို ပြန်လွှတ်ပေးလေ့ရှိပြန်တယ်။ ဒါကြောင့် ကဗျာအရေးကောင်းတဲ့ သူတွေဟာ တကယ်တော့ စကားလုံးမုဆိုးကျော်တွေပေါ့။ သူတို့ဟာ လိုချင်တဲ့ စကားလုံးမှန်သမျှကို မိအောင်ဖမ်းနိုင်တယ်လေ။ စကားလုံးလောကအတွက်တော့ တကယ့်ရန်သူတော်တွေ။ အဲ.. ဒါဆို ကဗျာဆရာတိုင်း အမြဲတမ်း စကားလုံးဖမ်းသလား ဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ။ စကားလုံးတွေဟာ တစ်ခါတစ်လေ အငိုက်မိပြီး ကဗျာဆရာရဲ့ ရင်ဘတ်ထောင်ချောက်ထဲဝင်တိုးမိတဲ့ အခါလည်းရှိတယ်။အဲဒီအခါကျရင်တော့ ရင်ဘတ်ထဲက အလွယ်တကူ ထုတ်ယူလိုက်ရုံသာပေါ့ဗျာ.. တနည်းအားဖြင့် ရင်ဘတ်ထဲက(Made in ရင်ဘတ်) စကားလုံးတွေပေါ့။ အင်း... အဲဒီတော့ စကားလုံးတွေက ကဗျာဆရာဆို အသေမုန်းပေါ့။ ပုံမှန်စကားလုံးတွေလို လွတ်လွတ်လပ်လပ် မနေရဘဲ တိရစ္ဆာန်တွေလို လှောင်အိမ်ထဲမှာ အထည့်ခံလိုက်ရတာကိုး။ ပြီးတော့ အပြစ်ရယ်မှ မရှိဘဲ... ကဗျာဆရာက စိတ်ကြိုက်ပြင်(သော့ခတ်)ပြီး အခြေကျပြီဆိုရင် အဲဒီနေရာကနေ လွတ်မြောက်ဖို့ လုံးဝမဖြစ်နိုင်တော့။ (ချစ်သူနဲ့လည်း မတွေ့နိုင်၊ အင်တာနက်လည်း မသုံးရ)။ အဲ တစ်ခုပဲ မျှော်လင့်နိုင်တာက သူ့ထက်သာတဲ့ တခြားစကားလုံး တစ်ကောင်တွေ့ပြီး နေရာလဲလိုက်မှပဲ၊ သူထွက်ခွင့်ရမှာ။ စာဖတ်သူဆိုတာကလည်း သူတို့ရဲ့ဒုက္ခကိုမသိ၊ ကြည့်ရုံပဲကြည့်ပြီး၊ ကဗျာဆရာကိုသာ ချီးမွမ်း၊ ကဲရဲ့မှု လုပ်ကြတယ်လေ။ တစ်ခါတစ်ခါ သူတို့ဆီက အဓိပ္ပါယ်တွေကို နှလုံးသားဆိုတာကြီးနဲ့ပါ ခံစားသွားလိုက်သေး။ သူတို့ရဲ့ ဘ၀ကိုတော့ နားမလည်နိုင်။
ဒါကြောင့် စကားလုံးတွေဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို သူတို့ ပြောမပြနိုင်လောက်အောင် လိုလားကြသည်။ အနည်းဆုံး တစ်နှစ် တစ်ခါလောက်ဖြစ်ဖြစ် "ကဗျာမရေးရနေ့"ကို ပြဋ္ဌာန်းစေချင်သည်။
ထိုမှတစ်ဆင့် တစ်လ တစ်ကြိမ်.. စသဖြင့်၊ စသဖြင့် သူတို့ရဲ့ စကားလုံးဆိုင်ရာ အခွင့်အရေးတွေကို အပြည့်အ၀ယူသွားချင်သည်။ အဲဒီလိုမှ မလုပ်နိုင်ရင် နောက် ၁၀စုနှစ်အတွင်း စကားလုံးရှားပါးမှု ပြဿနာကြုံရနိုင်ကြောင်း သူတို့ ခန့်မှန်းထားကြသည်။
သူတို့ရဲ့ စိုးရိမ်မှုတွေအတိပြီးနေတဲ့ မျက်မမြင်မျှော်လင့်ချက်တွေအတွက် အသက်ရှင်နေရင်း သေချာတာကတော့ ဒီနေ့ eduking ဆိုတဲ့ကောင်ရဲ့လက်မှ သူတို့ လွတ်မြောက်သွားပြီဖြစ်သည်။


ကျေးဇူးတင်လွှာ--

ဤပို့စ်တစ်ခုဖြစ်မြောက်အောင် ကူညီပေးကြကုန်သော

www.blogspot.com အားလည်းကောင်း၊
Techinical ပိုင်းဆိုင်ရာ senior myanmar blogger ကြီးများအားလည်းကောင်း၊
များများတွေးခိုင်းသော နတ်ကလေးအား လည်းကောင်း၊
မကျေနပ်မှုများကို အိတ်ဖွင့်ပေးလာသော စကားလုံးများအား လည်းကောင်း၊
မအားလပ်မှုများကြားမှ လာရောက် ဖတ်ရှုအားပေးကြသော ဘော်ဒါရောင်းရင်းများနှင့် လေးစားအပ်သော ရေးဖော်ရေးဖက်များအား လည်းကောင်း၊
နောက်ဆုံးအနေဖြင့် မိမိကိုယ်ကို လည်းကောင်း

ကျေးဇူးထောပနာ တင်ရှိအပ်ပါသည်။


Friday, November 23, 2007

Poem part-6

မှတ်မှတ်ရရ လက်ချာခန်းတစ်ခုမှာ တစ်ပိုဒ်ချင်း အကြမ်းချရေးဖြစ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ..
အချိတ်အဆက်အားဖြင့် အားနည်းနေမလား မသိဘူး..
ဥာဏ်မီသလောက်တော့ ကြိုးစားထားပါတယ်..
ရောင်းရင်းတို့ အားပေးနေလို့ ကျွန်တော့်လက်တွေကို အနားပေးလို့ မရသေးဘူးဗျာ..


နတ်သမီးသို့ အင်္လကာ


မနက်ခင်း...
နေမင်းက ကျွန်တော့်ကိုမကြိုဆိုပါ။

အေးစက်နေတဲ့ ကာရံတွေနဲ့
စားပွဲပေါ်ပစ်တင်ထားတဲ့ ကဗျာတစ်ပုဒ်သာ.
ကျွန်တော့်ကို အဖော်လုပ်နေတယ်..

ချစ်တဲ့အကြောင်းတွေ ပြောပြဖို့
စကားလုံးတွေ ကဗျာဆန်ပြီး
ရင်ခုန်သံတွေမှာ ကာရံရှိဖို့ လိုပါသလား..
Mr. အာဒံသိပြီး
လာပြန်ကြည့်ပေးဖို့ လိုပါသလား..

သြော်..
တစ်ခါတုန်းက
အသည်း ကွဲ သီချင်းတစ်ပုဒ်ကို
အကျင့်လုပ် ဆိုမိလို့များ
အသည်းတစ်ခြမ်းနဲ့
အခု အမြဲလွမ်းနေရတာလား..

ပုံပြောကောင်းတဲ့ သူမဟာ
နတ်သမီးလေးတစ်ပါးဆိုရင်
အဲဒီ့ ပုံပြင်တွေမှာ ခုံမင်နေတဲ့
အပေါစား တောသားလေးတစ်ယောက်ဟာ
ကျွန်တော်ပေါ့..

နတ်သမီးလေးရဲ့ ဒိုင်ယာရီမှာ
ကဗျာတစ်ပုဒ် မဟုတ်ရင်တောင်
ကာရံ အစုတ်လေးတစ်ခု အဖြစ်နဲ့
ကဗျာလေးကို အကူအညီပေးပါရစေ..

တောသားလေးရဲ့
နှလုံးသား spaces တွေတိုင်းမှာလည်း
သူမရဲ့ အငွေ့အသက်တွေနဲ့
ပြည့်နှက်နေတာမို့..
အဲဒီ ၀င်္ကာပါထဲက နတ်သမီးလေးသာ
မကြင်နာတော့ရင်
့အပြင်ကမ္ဘာမှာ
သူ တကယ် ရင်နာရတော့မှာပါ..



Tuesday, November 20, 2007

Health Announcement 1

ဒီနေ့တော့ အတန်းစောစောပြီးတာနဲ့ အားချင်ယောင်ဆောင်ပြီးတော့ Blog ဘက် လှည့်လိုက်တယ်...

Blog စလုပ် ကတည်းက ကျွန်တော်ရေးဖို့ တေးထားတဲ့ အကြောင်းအရာလေးတွေ ရှိနေလို့။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ဝင်စားတဲ့ ကျွန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေပါ။ အထူးသဖြင့် နေ့စဉ်ဖြတ်သန်းမှု ဘ၀နဲ့ သက်ဆိုင်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပေါ့။ တကယ်တမ်းကျတော့ ကင်ဆာရောဂါတို့၊ သွေးတိုး၊ ဆီးကျို စတဲ့ silent killer ရောဂါတွေဖြစ်ပွားရခြင်းဟာ အဲ့ဒီ့ နေ့စဉ် ကျွန်းမာရေး ဂရုစိုက်မှုလေးတွေ လိုအပ်နေလို့ပါပဲ။အားလုံးအတွက် အသုံးဝင် လိုက်နာနိုင်မယ့် နည်းလမ်းလေးတွေကို ကြိုးစား တင်ပေးထားပါတယ်။ အများစုက တော့ e-mail ကနေ ရခဲ့တဲ့ ဆောင်းပါးတိုလေးတွေပါ။ အားလုံးသိပြီးသား ဖြစ်နေရင်လည်း ပြန်စုပေးတဲ့ သဘောလေးပေါ့ဗျာ။
လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမဲ့၊ အသက်ကို ဉာဏ်က စောင့်တယ် မဟုတ်လားဗျ...

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ထမင်း (အစာ) စားတိုင်း အအေးသောက်လေ့ ရှိတဲ့ အကျင့်လေးကို လေ့လာကြည့်ရအောင်ဗျာ။ တကယ်တော့ အဲဒါဟာ ကျွန်တော်တို့ကို ကင်ဆာနဲ့ မိတ်ဆက်ပေးတဲ့ ကိုယ်စားလှယ်တစ်ပါးပါပဲ။ ကျွန်တော်သိသလောက် မြန်မာနိုင်ငံမှာ အကျင့်မရှိပေမဲ့ စင်္ကာပူမှာတော့ အဲဒီ့အကျင့်ဟာ အလေ့အထတစ်ခုလို ဖြစ်နေတယ်ထင်ရဲ့။ အဲ.. မြန်မာပြည်လည်း တချို့အိမ်တွေမှာ ထမင်းစားပြီး ရေခဲရေသောက်လေ့ရှိမယ်ထင်တယ်။ ဟီးဟီး... ဒါဆို ရေခဲမဖြစ်အောင် မီးဖြတ်ပေးတဲ့ လျှပ်စစ်ရုံးကို ကျေးဇူးတင်ရမလို ဖြစ်နေပြီကော။
ကျွန်တော်လည်း ဒီမှာ ရောက်စကတော့ အကျင့်မရှိသေးဘူးဗျ။ အဲ... နောက်ပိုင်းတော့ ထမင်းစားပြီးတိုင်း အအေးဝယ်သောက်တာ ပုံမှန်ကို ဖြစ်နေရော (ဘိုင်ပြတ်နေတဲ့ အချိန်ကလွဲလို့ပေါ့)။ ဒီဆောင်းပါး ဖတ်ပြီးတော့ မှပဲ အဲဒီ့အကျင့်ကို မနည်း ပြန်ပြင်နေရတယ်။ တစ်ခါတစ်လေ (အလွန့်အလွန်) ကြုံကြိုက်လို့ fast food စားဖြစ်ရင်တောင် အအေးအစား ကော်ဖီ (သို့မဟုတ်) မိုင်လို အပူ တစ်ခုခုနဲ့ ကျွန်တော် လဲခိုင်းလေ့ရှိတယ်။
ဆောင်းပါးရဲ့ နောက် အကြောင်းအရာတစ်ခုကတော့ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ သတိထားစရာတစ်ခုပေါ့။


This is a very good article. Not only about the warm water after your meal, but about heart attacks. The Chinese and Japanese drink hot tea with their meals, not cold water, maybe it is time we adopt their drinking habit while eating.
For those who like to drink cold water, this article is applicable to you. It is nice to have a cup of cold drink after a meal. However, the cold water will solidify the oily stuff that you have just consumed. It will slow down the digestion. Once this "sludge" reacts with the acid, it will break down and be absorbed by the intestine faster than the solid food. It will line the intestine. Very soon, this will turn into fats and lead to cancer. It is best to drink hot soup or warm water after a meal.
A serious note about heart attacks - You should know that not every heart attack symptom is going to be the left arm hurting. Be aware of intense pain in the jaw line.
You may never have the first chest pain during the course of a heart attack. Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up. Pain in the jaw can wake you from a sound sleep. Let's be careful and be aware. The more we know, the better chance we could survive.


ဒါကတော့ ကိုကာကိုလာ (Coca Cola) နဲ့ ပူရှိန်းတစ်မျိုး Mentos နဲ့ မတည့်ကြောင်းကို စမ်းသပ်မှု လုပ်ထားတဲ့ ဓါတ်ပုံလေးပါ။











Last, but not least ပေါ့ဗျာ။ အဲဒါကတော့ မြန်မာပြည်သူပြည်သားတွေရဲ့ မိတ်ဆွေကြီး ပါရာစီတမော(PARACETMOL)အကြောင်း ပါ။ မိတ်ဆွေကြီးနဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ နည်းနည်းလောက် ဆန်းစစ်ကြည့်ရအောင်ဗျာ။
ခေါင်းမူးခေါင်းကိုက် တစ်ခုခုဖြစ်တာနဲ့ မိတ်ဆွေကြီးကိုသာ အားကိုးနေမယ်ဆိုရင်တော့ ကြာရင် အသည်းနဲ့ စကားများလိမ့်မယ်ခင်မျ။ မိတ်ဆွေကြီးနေရာမှာ အစားထိုးဖို့ အတွက် isotonic drink တစ်ခုခုကို အကြံပြုပါရစေ။ ဥပမာ 100 PLUS လို အအေးမျိုးဖြစ်ပါတယ်။ ရေနဲ့ တစ်စ တစ်စ (သို့မဟုတ်) နှစ်စ တစ်စ ရောသောက်နိုင်ပါတယ်။
ကဲ..နောက်ဆို ခေါင်းမူးခေါင်းကိုက်လောက်နဲ့ မိတ်ဆွေကြီးကို အားကိုးစရာမလိုတော့ဘူးပေါ့ဗျာ။

My husband was working in a hospital as an IT engineer, as the hospital is planning to set up a database of its patient. And he knows some of the doctors quite well.
The doctors used to tell him that whenever they have a headache, they are not willing to take PANADOL (PARACETMOL). In fact, they will turn to Chinese Herbal Medicine or find other alternatives.
This is because Panadol is toxic to the body, and it harms the liver. According to the doctor, Panadol will reside in the body for at least 5 years. And according to the doctor, there used to be an incident where an air stewardess consumed a lot of Panadol during her menstrual as she needs to stand all the time. She's now in her early 30's, and she needs to wash her kidney (DIALYSIS) every month.
As said by the doctor that whenever we have a headache, that's because it is due to the electron/Ion imbalance in the brain. As an alternative solution to cope with this matter, they suggested that we buy 1 or 2 cans of isotonic drink (eg.100PLUS), and mix it with drinking water according to a ratio of 1:1 or 1:2 (simply, it means one cup 100plus, one cup water or 2 cups water).
I and my husband have tried this on several occasions, and it seems to work well.
Another method will be to submerge your feet in a basin of warm water so that it brings the blood pressure down from your throbbing head. As Panadol is a pain killer, the more Panadol you take, the lesser would be your threshold for pain (your endurance level for pain).
We all will fall ill as we aged, for woman, we would need to go through childbirth. Imagine that we had spent our entire life popping quite a substantial amount of Panadol (Pain Killer) when you need to have a surgery or operation, you will need a much more amount of general anesthetic to numb your surgical pain than the average person who seldom or rarely takes Panadol. If you have a very high intake of Panadol throughout your life (Migraine, Menstrual cramps) it is very likely that normal general anesthetic will have no effects on you as your body is pumped full with panadol and your body is so used to pain killer that you would need a much stronger pain killer, Morphine?
Value your life, THINK b4 you easily pop that familiar pill into your mouth again. Please send this to people you care about.

Friday, November 16, 2007

ဟိုဟိုဒီဒီ

ကဗျာနဲ့ ဆောင်းပါး အချို့ တင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်... စိတ်တိုင်းကျ မဖြစ်သေးတဲ့အတွက်ကြောင့် အချိန်ကြန့်ကြာနေခြင်းပါ.. ဆက်ရေးဖို့ အားပေးကြတဲ့ ရောင်းရင်းတွေ ကော၊ လာရောက် ဖတ်ရှုသူ အားလုံးကိုပါ ကျွန်တော် ကျေးဇူးတင်ပါရစေ.


အခုရက်ပိုင်း ဘာရယ် မသိ၊ အတန်းထဲက စင်္ကာပူနဲ့ တရုတ် သူငယ်ချင်းတွေက မြန်မာလို သင်ချင်နေကြသည်။ အဲဒါနဲ့ တစ်၊ နှစ်၊ သုံး၊ လေးကို သင်ပေးတော့ ရှစ် မှာ နည်းနည်းပြဿနာသွားတက်သည်။ အင်္ဂလိပ် အသံထွက် Shit နဲ့ သွားတူတာလေ။ ခုနှစ် မှာလည်း ပြဿနာ ရှိတယ်ဗျ။ မလေးဘာသာမှာ မကောင်းတဲ့ အဓိပ္ပာယ်တစ်ခုထွက်သတဲ့။ အဲဒါနဲ့ ခွန် လို့ပဲ အတိုကောက် ပြောင်းပေးလိုက်တယ်။ ပြီးတော့ ငါး ဟာလည်း အဓိပ္ပာယ် ၂ မျိုးရှိတဲ့ အတွက် အဆင်ပြေသွားတယ်.. မင်္ဂလာပါတို့ ကျေးဇူးတင်ပါတယ် တို့ တော့ တော်တော် ပီနေပြီ။ ထူးခြားတာတစ်ခု တရုတ်စကားပြောတဲ့ သူငယ်ချင်းတွေက ' င ' အသံကို မပီဘူးဗျ။ 'န' ဖြစ်သွားလိုက် 'ဂ' ဖြစ်သွားလိုက်နဲ့ တော်တော်လေးတော့ ရယ်ရတယ်။ ကျွန်တော်လည်း ပြန်သင်ထားတာ ရှိတယ်။ ဘာတဲ့.. အာ ပ၊ နာ ပ၊ ကာ မူ့ (မလေး-နာမည်ဘယ်လိုခေါ်လည်း) မာ ကန်း (မလေး-ထမင်းစားမယ်)။ ကျွန်တော့် စကားပြောပုံနဲ့ဆိုရင်တော့ မလေးစကားပြောဖို့ လွယ်ဝူးဗျ။ သူတို့က စကားပြောသိပ်မြန်တယ်။
အတန်းထဲကမှာက မြန်မာကိုယ်စားပြုဆိုလို့ ကျွန်တော်တစ်ယောက်ထဲကိုး။ အစပိုင်း ဘာသာစကား အခက်အခဲနည်းနည်းရှိပေမဲ့ အခုတော့ တော်တော်လေးခင်နေကြပါပြီ။ တစ်နေ့ကတောင် သူငယ်ချင်းတစ်ယောက်က ဟာသတစ်ခုပြောပြတယ်.. A car which has four wheels and flies တဲ့။ ကျွန်တော်နောက်ဆုံး စဉ်းစားမရတော့မှ ပြောတယ် Garbage Car (အမှိုက်သိမ်းကား) တဲ့ဗျာ။ files ရဲ့ အဓိပ္ပာယ်က ပျံသန်းခြင်းလည်းရှိသလို ယင်ကောင်လည်း ရှိတယ်လေ။ ဒီနေရာမှာတော့ ဒုတိယ အဓိပ္ပာယ်ကို ယူသွားတာပေါ့ဗျာ..




Wednesday, October 31, 2007

မရေးတာကြာပြီဖြစ်တဲ့ blog ကို ပြန်စဖို့တော့ စဉ်းစားနေတာ ကြာခဲ့ပါပြီ…

.

ဒ်ီနေ့တော့ ကျွန်တော်တို့ Nanyang Polytechnics ရဲ့ နောက်နှစ်လုပ်မယ့် သင်္ကြန်ပွဲ အတွက် တာဝန်အသီးသီးခွဲယူကြဖို့ အစည်းအဝေးပုံစံမျိုးလေးတစ်ခု လုပ်ဖြစ်ခဲ့တယ်။ Show မှာတင်ဆက်မယ့် ယိမ်း၊ အက၊ အငြိမ့်၊ ပြဇာတ် တွေအတွက် ပါဝင်မယ့်လူတွေကို confirm ထပ်လုပ်ကြတယ်။ Date ကိုတော့ March လ၊ ၈ရက်နေ့ သတ်မှတ်ဖြစ်တယ်။ အစကတည်းကလုပ်ဖို့ ရည်ရွယ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်မလိုဖြစ်ပြီးမှ ဒီနေ့ ပြန်လည်အသက်ဝင်လာတာဖြစ်ပါတယ်…

ကျွန်တော့် အနေနဲ့တော့ ပွဲဖြစ်မြောက်ရေးကို အားတက်သရောဖြစ်မိပါတယ်.. ဒီလိုပွဲမျိုးကို ဖြစ်မြောက်နိုင်ဖို့ အတွက် လူအင်အား၊ အချိန် နဲ့ အဖွဲ့အစည်းစိတ်ဓါတ်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လည်း အခုလို ရိုးရာပွဲတွေကို တခြားနိုင်ငံမှာ ဖော်ထုတ်ပြသခွင့်ရတဲ့ အတွက် ဂုဏ်ယူစရာပါ။ အထူးသဖြင့် မြန်မာကျောင်းသားများဟာ စည်းလုံးမှုရှိကြတယ်ဆိုတာ အခုလို ပွဲမျိုးတွေက သက်သေပြနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ အသင့်အဖွဲ့အစည်းနဲ့ ဒီလိုမျိုးပွဲတွေဟာ ကျောင်းသားဘ၀မှာ တစ်စိတ်တစ်ပိုင်းအဖြစ် အဓိကပါဝင်သင့်တယ်လို့လည်း ကျွန်တော်ထင်မိပါတယ်။

ကျွန်တော်ကတော့ ဒီပွဲမှာ logistic နဲ့ stage decoration အပိုင်းတာဝန်ယူထားပါတယ်။ နောက်ပြီး စင်ပေါ်မှာလည်း လမ်းတစ်ခါလျှောက်အုံးမယ်.. ဟီး.. ကျောင်းသားများအပြင် စင်္ကာပူကမှာရှိတဲ့ တခြားသောမြန်မာပြည်သားများလည်း လာရောက်အားပေးနိုင်ပါကြောင်းပါ… လက်မှတ်တွေတော့ အနားကပ်ရင် ရောင်းဖြစ်မယ် ခင်မျ…

Eduking

.

Monday, October 8, 2007

Announcement

လတ်တလော စိတ်ထိခိုက်စရာ သတင်းများကြောင့် ကျွန်တော် blog ရေးသားခြင်းသား ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါတယ်..

Post အသစ် မတင်နိုင်သေးခင် လာလည်ကြသော ရောင်းရင်းများအား ကျေးဇူးတင်စွာဖြင့် တောင်းပန်ပါကြောင်း…

တို့တာဝန်

ကိုယ့်လူမျိုး ကိုယ်သတ်၊
ကိုယ့်သာသနာ ကိုယ်ဖျက်ဆီး၊
ရမက်မီးနဲ့ မိစ္ဆာ၊
အချိန်ရှိခိုက် မသုတ်သင်ရင်၊
နောင် တမလွန်မှာ..
ဒို့အာဇာနည်တွေကို
ဘယ်လိုမျက်နှာပြမလဲ...
သင် တွေးလော့။

Friday, September 28, 2007

Poem part -5

ကျွန်တော့်ရဲ့ အာဇာနည် သံဃာများအတွက် ဂုဏ်ပြုကဗျာ..


/p>

အာဇာနည် သံဃာများ

အေးစက်နေတဲ့ ထမင်းလ်ုတွေကို

အသက်သွင်းဖို့ သူတို့ စတေးတယ်

သွေးထွက်မှာကို မမှု၊

တောက်ခေါက်သံတွေနောက်က ရန်ငြိုးတွေကို

ငြိမ်းသတ်နေဆဲ၊ မနက်ဖြန်တွေအတွက်..

သေနတ်သံတွေကိုလည်း မမှု၊

ဗလာကျင်း ခြေထောက်တွေက

ဒီမိုကရေစီ အာဟာရအတွက် နင်းဖြတ်နေပြီ

ထမင်းငတ်တာကိုလည်း မမှု၊

မမှန်ရင် မခံတတ်တဲ့ စိတ်ဓါတ်တွေနဲ့

တရားမဲ့ အာဏာတွေကို ဖီဆန်နေဆဲ..

ရင်ဝသို့ ကျည်ဆံတွေကိုလည်း မမှု၊

ဒေါသ မောဟ နဲ့ သောကတွေကို အံတုလို့၊

သမိုင်းမှာ စံပြုဖို့ ....

ငါတို့တစ်ခေတ်အတွက် လာပါပြီ၊

ငါတို့ရဲ့ အာဇာနည် သံဃာများ

Tuesday, September 18, 2007

Poem part -4

ဒါကတော့ ကျွန်တော့်ရဲ့ ကမ္ဘာပေါ်က ကမ္ဘာမကျော်တဲ့ ကဗျာလေးတွေပေါ့…



အတိုင်းမသိ

အလွမ်းဖောင်ပေါ်မှာ
သံယောဇဉ် ကြိုးတွေချည်ပြီး
ကျွန်တော် အမျှောခံခဲ့ရပြီ...
မျှော်လင့်ခြင်း ပင်လယ်ကြီးဆီ...


စွန့်ပစ်ခံ

ကြယ်ကြွေညရဲ့ ကောင်းကင်တစ်ခု
ပြန်ရဖို့ ဆုတောင်း
ခဲ့..
ဘယ်သူ ကောင်း
ခဲ့တယ်
မငြင်းပါဘူး..
တကယ်တော့..
ကျွန်တော်ဟာ သူမရဲ့ လူဟောင်းပေါ့..

.

Story

သူငယ်ချင်းတစ်ယောက် မေးလ် နဲ့ ပို့ပေးလိုက်တဲ့ story လေးတစ်ခုပါ… လူတွေဟာ အခြေအနေတွေ ပြောင်းလဲသွားတဲ့နောက် ဘ၀ဟောင်းကို မေ့တတ်လေ့ရှိတယ်ဆိုတာလေးကို သနားစရာပုံပြင်လေးတစ်ပုဒ်နဲ့ ထင်ဟပ်ပြထားတာ ဖြစ်ပါတယ်…



There was a blind girl who hated herself just because she was blind. She hated everyone except her loving boyfriend. He was always there for her. She said that if she could only see the world, she would marry her boyfriend.

One day, someone donated a pair of eyes to her and then she could see everything, including her boyfriend. Then her boyfriend asked her, “ now that you can see the world, will u marry me?” The girl was shocked when she saw that her boyfriend was blind, too and refused to marry him.

Her boyfriend walked away in tears and later, wrote a letter to her saying “ JUST TAKE CARE OF MY EYES PLEASE “.

This is how humans change when their status changes. Only few remember what life was before, and who has always been there in the most painful situations.

Sunday, September 16, 2007

My first part-time job

၁၆.၉.၂၀၀၇

ဒီနေ့ကျွန်တော် အလုပ်စလုပ် ဖြစ်တယ်.. အချိန်ပိုင်းပေါ့။

စင်္ကာပူရောက်ကတည်းက ၆လ အတွင်း ပထမဆုံး ၀င်ငွေ၊.. အလုပ်ကတော့ Agency တစ်ခုမှာဗျ။ သူက ပုံမှန်တော့ အလုပ်မရှိဘူး။ မင်္ဂလာဆောင်တို့၊ party ပွဲတို့ကို စီစဉ်ပေးတာပေါ့.. အဲဒီမှာ waiter တို့ ဘာတို့နေရာမှာ လူလိုတော့ ကျွန်တော့် အိမ်က သူငယ်ချင်းကို ခေါ်တာ၊ ဒီကောင် မလုပ်အားလို့ ကျွန်တော် ၀င်လိုက်တာပေါ့။ တစ်နာရီကို စင်္ကာပူငွေ ၆ကျပ်ရတယ်ဗျ။ ဒါပေမယ့် စလုပ်စ ဆိုတော့ နည်းနည်းတော့ပင်ပန်းတယ်။ ထိုင်ရတာ နာရီဝက်တောင်မရှိဘူး။ ၇နာရီဆက်တိုက် လိုတာတွေလိုက်လုပ်လိုက်၊ ပိုနေတာတွေပြန်သိမ်းလိုက်နဲ့... ဖူးးး... ဖတ်ဖတ်ကို... မောတော့မမောဘူးဗျ... ညောင်းနေတာ၊ ခြေထောက်တွေလေ။ ပါးစပ်လည်း မထူးပါဘူး.. Any drink, Sir/Madam ? နဲ့ Thank you ကို အခါတစ်ရာ မက ပြောခဲ့ရတယ်.. ဒါတောင် buffet ဖြစ်လို့ သိပ်မပင်ပန်းတာတဲ့. အတူတူ လုပ်တဲ့ မြန်မာသူငယ်ချင်းကပြောတယ်.. ဟီး.. သည်ကြားထဲ ဖန်ခွက်တစ်ခွက် ခွဲခဲ့သေးတယ်.. ဗန်းပေါ်မှာ တင်ရင်းနဲ့ မှောက်ကျတာပါဗျာ.. သေပြီဆရာပဲ ထင်လိုက်တာ.. ဘာမှမပြောလို့တော်သေးတယ်.. သူ့တို့ဆီမှာ အဲဒါလေးတစ်ခုလည်းမဆိုးဘူးဗျ.. အဲဒီလိုမျိုးဖြစ်ခဲ့ရင် မန်နေဂျာကတန်းရောက်လာပြီး သူဝင်ထိန်းလိုက်တယ်.. (ပစ္စည်းက သူတို့ပစ္စည်းပါ) ဘာမှလည်းပြန်လျော်ဖို့ မတောင်းဘူး။ ကိုယ်အမှားလုပ်မိတာအတွက် သူတို့တာဝန်ယူပေးတယ်.. ကျွန်တော်လုပ်တဲ့နေရာမှာပေါ့။ တခြား တခြားသော အလုပ်တွေမှာလည်း ဒီလိုမျိုးသဏ္ဍန်တူလေးတွေ ရှိတတ်ပါတယ်။ အဲ… ကိုယ်ကသာ အလုပ်ချိန်မှာ မခိုမကပ် လုပ်ပေးဖို့တော့ လိုတာပေါ့။ ကျွန်တော်ကတော့ စလုပ်စ ဆိုတော့ ‘အ’ တာပေါ့ဗျာ။ တွေ့တာတွေအကုန် ဖြည့်လုပ်ပေးတာပေါ့။ နောက်ပြီး သူများ ငြိုငြင်တာ မခံချင်တာလည်း ပါတာပေါ့။

ဒါနဲ့ အဲဒီ မင်္ဂလာဆောင်အကြောင်းလည်းဆက်အုံးမယ်ဗျ.. နေရာက Singapore Art Museum မှာ လုပ်တာ။ တော်တော်လေးတော့ ကုန်မှာပဲ။ Glass Hall လို့ခေါ်တဲ့ ဖန်နဲ့ လုပ်ထားတဲ့ Hall ကြီးထဲမှာ ခန်းမတည်ပြီး အပြင်ဘက်မှာက တစ်ဖက် စားဝိုင်း လေးဝိုင်းစီလောက်ပေါ့.. ခန်းမ နံရံက ဖန်ဆိုတော့ အပြင်ကနေ အထဲကိုမြင်ရတဲ့သဘောပေါ့ဗျာ.. အစားအသောက်တွေကလည်း စပယ်ရှယ်ပေါ့.. တက်ရောက်တဲ့လူဦးရေကတော ၂၀၀ လောက်ရှိတယ်ဗျ.. Buffet (ဘူးဖေး) ပုံစံကျွေးတာပါ… ဟင်းတွေက ကုန်တောင်မကုန်ဘူး.. အခမ်းအနားသာပြီးသွားတယ် တစ်ချို့ ဟင်းတွေဆို လျော့တယ်လို့ကို မထင်ရတာ။ သောက်စရာတွေကတော့ coke, 7up, White/Red wine, Fruit Punch, Beer, Champaign, Luis 13 (Martini လိုမျိုးလို့ပြောတယ်ခင်မျ), ကော်ဖီ နဲ့ လဖက်ရည် လည်း ပါသေးသဗျ.. ဟဲဟဲ.. သည်လောက်ဆို တော်လောက်ပြီထင်ရဲ့.. သူများမင်္ဂလာဆောင်အကြောင်းကို ဖောက်သည်ပြန်ချတာ.. နောက်ဆုံးတစ်ခုဗျာ.. ဟီးဟီး.. အဲဒီမင်္ဂလာဆောင်လာတဲ့သူတွေက ကျွန်တော်တို့ကို တန်းတူဆက်ဆံတာပါ။ Waiter ရယ်ဆိုပြီး ခိုင်းတဲ့ပုံစံမျိုးသိပ်မရှိကြဘူး… သူတို့ လိုတာရှိရင် တောင်းပြီး… thank you ဆိုတာအမြဲတမ်းပြောလေ့ရှိတယ်… သုံးပြီး ပန်းကန်တို့ ဖန်ခွက်တို့ကို သိမ်းရင်လည်း.. သူတို့မှီသလောက် ကမ်းပေးလေ့ရှိတယ်… ကျွန်တော်ကတော့ ကိုယ်ချင်းစာတရားလို့ ထင်တယ်ဗျာ… သူတို့လည်း ဒီလို ဖြတ်သန်းခဲ့ဘူးကြမှာပဲလေ..

ဝေါဟာရ အရှင်း

Champaign = ရှန်ပိန်

Buffet = ဘူဖေး… အစားအစာများကို ခင်းကျင်းထားပြီး..မိမိအလိုရှိရာကို ကိုယ်တိုင်ယူ သုံးဆောင်နိုင်သော ပုံစံ။

Punch = သစ်သီးဖျော်ရည်ကို အခြားဖျော်ရည်တစ်မျိုး (သို့မဟုတ်) အရက်၊ ၀ိုင် အစရှိသည်ဖြင့် ရောစပ်ပြီး ရရှိသောအရည်တစ်မျိုး။

Friday, September 14, 2007

Funny letter

တစ်နေ့ က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ကြော်ငြာ အဖုံးမှာ တွေ့လို့ ဗျ.. ဟာသလေးတစ်ခုပါ. ဖတ်ဖူးရဲ့လားမသိဘူး.. အရင်ကတော့ မြင်ဖူးသလိုပဲ..



Dear Troubled User,

This is a very common problem that men often complain about.
Many people upgrade from GIRLFRIEND 7.0 to WIFE 1.0.1 thinking that it is just a utilities and entertainment program. WIFE 1.0.1 is an OPERATING SYSTEM and is designed by its Creator to run EVERYTHING. It is also impossible to delete WIFE 1.0.1 and return to GIRLFRIEND 7.0. It is impossible to uninstall, or purge the program files from the system once installed.

You cannot go back to GIRLFRIEND 7.0 because WIFE 1.0.1 is designed not to allow this. Look in your WIFE 1.0.1 manual under WARNINGS: ALIMONY AND COMMUNITY PROPERTY. I recommend that you just keep WIFE 1.0.1 and work on improving the situation. I suggest installing the background application YES DEAR 2.7 to alleviate your program problems.

The best course of action is to enter the command C:\APOLOGIZE because ultimately you will have to give the APOLOGIZE command before the system will return to normal anyway.

WIFE 1.0.1 is a great program but it tends to be very high maintenance. WIFE 1.0.1 does come with several support programs such as CLEAN AND SWEEP 3.0, COOK IT 1.5, and SEX 4.2, however be very careful how you use these programs. Improper use will cause the system to launch the program NAG 9.5. Once this happens, the only way to improve the performance of WIFE 1.0.1 is to purchase additional software. I recommend FLOWERS 2.1 and DIAMONDS 5.0.

WARNINGS !! Do not under any circumstances install SECURITY WITH SHORT SKIRTS 3.3. This application is not supported by WIFE 1.0.1 and will cause irreversible damage to the operating system.

Best of Luck,

Tech Support.

Thursday, September 13, 2007

Poem part-3

ဒါကတော့ ကျွန်တော့်ရဲ့ ဘ၀ တစ်ခုထဲက ညတစ်ခုအကြောင်းပါ။


5. ညတစ်ခုအကြောင်း

ည……. အဲဒီ့ည

အလွမ်းတွင်းထဲကို ငါကျသွားတဲ့ည

ည……. အဲဒီ့ည

အချစ်တွေ အကျဉ်ချခံလိုက်ရတဲ့ည

ည……. အဲဒီ့ည

အသက်မပါဘဲနှလုံးခုန်နေဆဲ ည

ည……. အဲဒီ့ည

မျက်ရည်နဲ့ကဗျာတွေကို

တည်ဆောက်ခဲ့တဲ့ ည

ည……. အဲဒီ့ည

ငါ့အတွေးတွေ နိဂုံးမဲ့နေတဲ့ ည

ည……. အဲဒီ့ည

သူ့ရဲ့ကောက်ကြောင်းလေးတွေ

အာရုံမှာပေါ်လာတဲ့ ည

ည……. အဲဒီ့ည

အနွေးဓါတ်ကလေး

အဝေးထွက်ပြေးနေဆဲ ည

ည……. အဲဒီ့ည

အိပ်မက်တွေမှာ သူ့ပါးပြင်ဆီမှ

အနမ်းတွေယူဖို့ ကြိုးစားမိတဲ့ ည

ကောင်မလေးရယ် သတိရလိုက်တာကွယ်…..


Tags:
Free counter and web stats