Wednesday, August 26, 2015
Friday, August 16, 2013
မတွေ့ ကြတော့ဘူးလား တစ်ယောက်နဲ့ တစ်ယောက်
Sunday, December 16, 2012
ဥတုရာသီများကို ရင့်မှည့် ပြောင်းလဲစေနိုင်သော
…ဒီလိုပဲ မတ်ဆေ့ကို ဖတ်ပြီးတော့ နားလည်လိုက်တာပဲလေတဲ့။ ဘာပြန်ပြောရမလဲ မသိတော့။ တကယ်တော့လည်း အစကတည်းက ပြန်ပြောဖို့အတွက် ကြိုတင်စီစဉ်ခဲ့တာမှ မဟုတ်တာ။ ကိုယ့်အတွက်တော့ ကြိုတင်စီစဉ်မှု ပြုထားရင်တောင် လွှဲချော်တတ်တဲ့ အဖြစ်တွေက ရှိနေသေးတာ မဟုတ်လား။ နောက်တော့ ဘာတွေဖြစ်ခဲ့လဲ မတိကျ.. လက်ဆောင်ပစ္စည်းကို fast foodဆိုင်ရဲ့ အမှိုက်ပုံးထဲပဲ ထည့်မိခဲ့တယ် ထင်တယ်။ အခန်းထဲမှာက တစ်ယောက်ထဲ.. ကိုယ့်ဘာသာစကားကို နားလည်တဲ့ လူလည်း မရှိဘူး။ ပြောလိုက်တဲ့စကားတွေက ကြားစေချင်တဲ့ သူတွေဆီမရောက်နိုင်တော့။ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတွေတောင်းပြီး ကိုယ်လုပ်ချင်တာ ဘာလည်း မသိလိုက်တဲ့ ဘဝတွေက အများသားမဟုတ်လား။ မျက်လုံးဟာ တဆိတ်ရှိ လက်ထိပ်က သွေးကြောတွေဆီပဲ ပြန်ရောက်သွား။ ရန်ကုန်မှာလို ဝရံတာရှေ့တော့ ဓါတ်ကြိုးတွေ ရှိနေမယ် မထင်ဘူး။ အိပ်မက်တွေ မှန်မမှန်တော့ မသိ၊ အိပ်မက်ဆိုးတွေတော့ မှန်လာတာ တကယ်။ နောက်တော့ အဲ့ဒီ့ရက်ပိုင်းက မိုး ပြန်ရွာလာလို့ ထင်တယ်၊ walking shoes အသစ်ကလေးကို ပြန်သိမ်းထားလိုက်တယ်။ ဒီဆေးရုံမှာက ဘာဥပဒေ၊ ဘာစည်းကမ်းရယ် တိတိကျကျ ထုတ်ပြန်ထားတာတော့ မရှိဘူး၊ ၂၄နာရီလိုလို လူနာအပြည့် နဲ့ . . နံရံမှာ ရေးခြစ်မလား၊ ဘေးချင်းကပ် ဘော်ဒါနဲ့ ပြောချင်တာတွေ လျှောက်ပြောမလား၊ နေသာတဲ့ နေ့တွေ လမ်းလျှောက်ထွက်မလား၊ ခုတင်ပေါ်မှာပဲ ကိုယ့်ဟာကိုယ် လက်သည်းတွေ ထိုင်ခွာနေအုံးမလား.. ရတယ်။ ကဖင်းကလည်း ပြတ်သွားတယ် မရှိဘူး၊ နာရီခြားတစ်ခါ ချိတ်ထား/နေရတာပဲ။ ရုံးပိတ်တဲ့ တရက်တလေကျ သူငယ်ချင်း တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာရင် သူတို့နဲ့ ဆေးလိပ်တွေပါလာတာ မှတ်မိတယ်။ တစ်ယောက်ထဲ ရှိနေချိန်တွေ များရင်တော့ တခါတခါ ဆိုဖီလာလည်း ဝင်ဝင်လာတတ်ပါတယ်။
.
Sunday, December 11, 2011
ဥတုရာသီများကို ရင့်မှည့် ပြောင်းလဲစေနိုင်သော
ဆူညံမှုအတွက် မလုံလောက်သလို
တိတ်ဆိတ်မှုအတွက်ကျ
အလျှံအပယ်ဖြစ်နေခဲ့တယ်
ရုတ်တရက် ဆိုက်ဝင်လာနေတဲ့
အလင်းရောင်ကြောင့်
အမြင်အာရုံဟာ တကယ်ပဲ
ဝေဝါးသွားခဲ့တယ်။
ရေစက်တွေ တစ်စက်ပြီး တစ်စက်
ခေါင်းပေါ်မှာ စုဆုံလာတဲ့အထိ
တစ်ရွက်ပြီး တစ်ရွက်
စာမျက်နှာတွေ ကျော်ကျော်သွားနေပုံ
အနံ့အသက်ကင်းစင်တဲ့ ရင်းနှီးမှုတစ်ချို့
အခန်းအပြင်ဖက်က ခြေလျှပ်တိုက်သံ
သစ်ရွက်ချင်း ထိရိုက်သံတွေနဲ့
ယှက်ထွေးရောတင်
အာရုံဟာ
သူမရဲ့ သဏ္ဍန်များအတွက်
ကိုလိုနီရပ်ဝန်း တစ်ခုလို
ညင်ညင်သာသာ သိုသိုသိပ်သိပ်
နောက်တစ်နေ့ဟာ
နောက်တစ်ရက် ဖြစ်မလာတော့တဲ့နောက်
အတိတ်လည်း …
အနာဂါတ်လည်း …
ပစ္စုပ္ဗန်။
ပစ္စုပ္ဗန်တွေသာ များများလာခဲ့။
ထင်/မြင်သာအောင် ဖော်ပြနိုင်စွမ်း လွန်မြောက်တဲ့အခါမှ
နာကျင်ခြင်းဟာ နာကျင်ခြင်း မြည်ပါလိမ့်မယ်။
ရေစက်တွေ တစ်စက်ပြီး တစ်စက်။
ဒီတစ်စက်မှာ ကွဲကွာတဲ့အခါ
နောက်တစ်စက်. . .Sunday, October 23, 2011
Diary 23 10 2011
Thursday, October 20, 2011
ရပ်နေတဲ့ ညနေ
အနားကအနာမှာ
ဘာသာစကားတွေ ချိန်း(ဆို)သွားတယ်
ခန္ဓာမှာသက်ရောက်နေပြီးဖြစ်တဲ့ သြဇာဓါတ်
ကော်ဖီတွေ တစ်ခွက်ပြီး တစ်ခွက်
သူ ကုန်သွားတယ်
ဝိုင်ခွက်ချင်း တိုက်မိသံတွေမှာ
ယင်ကောင်ဟာ သူ့ အလုပ်နဲ့သူ
တကယ်တော့ ဘယ်ရယ်လို့ မှတ်မှတ်ရရ
ချရေးလိုက်နိုင်ဖို့က
(ယင်ကောင်ဟာ သူ့ အလုပ်နဲ့သူ)
ဆက်သွယ်လျှပ်ကူးမှုကြီးကို အားပြုရ
လူကြိုက်အောင် ပိန်းမှ လူပြိန်းကြိုက်တာမျိုးတွေပဲ
ဟိုတုန်းကလို ဆိုရင်တော့
တစ်ညလောက် အဖေလွှတ်ပေးထားလိုက်ရင်ပဲ
နောက်တစ်နေ့ မနက်ဟာ
ကမ္ဘာဦးမှတ်တိုင်ကို ပြန်ရောက်တယ်
သူကအမေး ငါကအဖြေ
အနည်းဆုံးတော့ သူမ သင်ယူခဲ့တယ်
မတွေ့တာကြာပြီကို လက်ခံပေမယ့်
နေကောင်းလားကို တွေးကြည့်ရတာ..
x x x x မလွယ်။
ခေါက်ရှာငှက်တွေကို မမြင်ဖူးသူရဲ့
သဘောထားဆိုင်ရာ ပြဿဒါးတွေမှာလို
ဆက်ပြောရရင်
အရူးမတတ်သူဟာ အရူးမှန်း သိသာနေသလို။
ခန့်နေ
Thursday, March 24, 2011
ငှက်လေးသို့ နှုတ်ဆက်
Saturday, March 5, 2011
အက်ရှင်မင်းသား
Thursday, January 13, 2011
မမနန်စီ
Thursday, January 6, 2011
မစ်စ်ကောလ်
Monday, January 3, 2011
လျှော
Saturday, November 27, 2010
Saturday, November 13, 2010
အစဉ်သဖြင့်
Friday, October 22, 2010
Diary page 23 Oct 2010
Thursday, September 23, 2010
Diary page 23 Sept 2010
Wednesday, September 15, 2010
ယင်လုံ နေသူများအကြောင်း
Friday, August 13, 2010
ဥခွံထဲမှာလည်း အပြင်ကလိုပါပဲ
ရေးလက်စ ပထမပိုင်း အက်ဆေးဟာ အေးစက်ပြီးစီး
တစ်ယူဇနာခန့် အမူအယာများစွာ ပါဝင်လက်တွဲကာ
အသွေးတွေ၊ အသားတွေ၊
အချစ်တွေ၊ အနှစ်တွေနဲ့မို့
သက်သာ ပေါ့ပါးလျက်
တမြန်နေ့က အသဲနှလုံးတွေများနဲ့အတူတကွ
အရွယ်မရောက်ခင် အရောက်ပြန်ခဲ့ဖို့
လေးလေးနက်နက်၊ တွေးတွေးထင်ထင်
နှိုင်းနှိုင်းယှဉ်ယှဉ်၊ ချိန်ချိန်ဆဆ
အမှားကြီးများများ အများကြီးမှားသည်ကိုလည်း
ဂရုမစိုက်အား
မနေ့က ကျွန်တော့်နာမည်ဟာ ဘယ်သူ ဘယ်ဝါဖြစ်သည်ကိုသာ
ရှေးရှုလျက်
အချစ်ဆုံး သိလား.. အချစ်ဆုံး သိလားဟေ့..
အရွယ်မရောက်ခင် အရောက်မပျံနိုင်တဲ့အခါ
အထက်ဖော်ပြပါ အာရုံတွေရှိရာ အုံလာရခဲ့- အကြောင်းရင်း
သို့သော် ပျိုဖော်ဝင်စအချိန်၏
ယနေ့သတင်းအစီအစဉ်
ဤတွင်ပဲ ပြီးဆုံးပြီဖြစ်ပါသဖြင့်
နောက်တစ်ခေါက်လောက်... ငါ့ကို..
အထာသိချိန် အထိနာနာနဲ့ပဲ
ငယ်ချစ်ဟောင်းနဲ့ ပလက်ဖောင်းများစွာ
ထိုမှတဖန် ရောမန္တိချက်ပတာအသွားဖြင့်
အဆုံးမသတ်ခင် အစပ်သုံးရန်လိုလေသေးမရှိ
ဒါသည်ပင်လျှင် ရာဇသတ်ကြီးပုဒ်မ (--) အရ
ကဗျာရေးမှုဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသဖြင့်
ခန့်နေ
Wednesday, July 14, 2010
...မတွေ့ဖြစ်တဲ့နောက်
အသက်ရှင်သေးတဲ့သူ လက်ညှိုးထောင်
ဆိုတဲ့စကားကိုမှ
လက်တစ်ချောင်းလုံး ထောင်ပြမိလောက်အောင်ကို
ငါဟာ “အ”ခဲ့လေသလား..
အထီးကျန်တယ်ဆိုတာ
အမှောင်ခန်းထဲက
နံရံမှာ တစ်ယောက်ထဲ
ထောင့်ကပ်ထိုင်နေမှ
မဟုတ်ပါဘူးကွယ်..
လူအုပ်ကြီးတွေကြားမှာ မျက်နှာချင်း ဆိုင်နေပေမယ့်..
မြက်ခင်းပြင်တစ်ခုပေါ် တူတူထိုင်ခွင့်ရှိနေပေမယ့်လို့..
ဒါတွေဟာလည်း အထီးကျန်ခြင်းပါတဲ့
(မင်းဗလာစာအုပ်လေးရဲ့နောက်ကျောမှာ
ငါရေးပေးခဲ့မယ်..)
မိန်ကလေး..
တကယ်တော့
ငါဟာ မင်းကိုပြန်တွေ့ဖို့လည်း
မကြိုးစားခဲ့ပါဘူး..
ငါ့ရဲ့ မင်းနဲ့ မတွေ့ခင်က “ငါ”ကိုပဲ
ငါ ပြန်ရှာမတွေ့ဖြစ်နေခဲ့တာလေ။
ခန့်နေ
